Tuesday, October 30, 2007

မမေ့နိုင်သေးသော ကဗျာတစ်ပုဒ်

ပန်းပန်လျက်ပဲ....

ညိုပြာပြာ၊လတာပြင့်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊လှိုင်းသက်ရာဆင်း။

ဆင်းရလည်းမသက်သာ
အုန်းလက်ကြွေ ရေပေါလော မျောစုန်လို့လာ။
အဆင်းနဲ့အလာ ဗေဒါမအထွေး
အုန်းလက်ကြွေ သူ့နံဘေး ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လည်း မသက်သာ
နောက်တချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ရာ။
မြုပ်လေပေါ့ ပေါ်မလာ မဗေဒါအလှ
တစ်လံကွာလှိုင်းအကြွ ပေါ်လိုက်ပြန်ရာ။

ပေါ်ပြန်လည်းမသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ။
ဘဲအုပ်က တစ်ရာနှစ်ရာ ၊မဗေဒါက တစ်ပင်တည်း
အယက်အကန်ခံလို့ ၊ဗေဒါပြန် အံကိုခဲ
ပန်းပန်လျက်ပဲ။

ဆရာဇော်ဂျီ။

Tuesday, October 23, 2007

သီတင်းကျွတ်ပြီ

သြော်...ဘာလိုလိုနဲ့ လာမယ့်သောကြာနေ့ဆိုရင် သီတင်းကျွတ်ပြီပေါ့။အမိမြေနဲ့ဝေးနေတဲ့သူတစ်ယောက်အနေနဲ့ မြန်မာတို့ရဲ့အခါကြီး ရက်ကြီးတွေကို တော်ရုံတော့သတိမထားမိတော့ပါဘူး။စိတ်ထဲမှာက monday to sunday timetable တွေနဲ့ပဲ run နေ၇တယ်လေ။အခုတော့ တစုံတစ်ယောက်ရဲ့ ကျေးဇူးကြောင့် ဒီနှစ်သီတင်းကျွတ်ကို သတိထားမိခဲ့တယ်။အဝေးကိုရောက်နေပေမယ့်လည်း မွေးရပ်မြေက ပွဲတော်တွေကို နှစ်သက်သဘောကျမိတာ အမှန်ရယ်ပါ။
သီတင်းကျွတ်ပြီဆိုတော့ သားသမီးတွေက အမိ၊အဖတွေကို ၊ညီ၊ညီမငယ်တွေက အစ်ကိုကြီး အစ်မကြီးတွေကို၊တပည့်တပန်းတွေက
ဆရာသမားတွေကို စသည်ဖြင့်ကန်တော့ကြတော့မှာပေါ့။ဘယ်လူမျိုး၊ဘယ်နိုင်ငံမှာမှ မတွေ့နိုင်ပါဘူး။ချစ်စရာကောင်းတဲ့ ဒီအစဉ်အလာ
လေးက ဘယ်ကနေပေါက်ဖွားလာပါလိမ့်။ငယ်ငယ်တုန်းကတော့ သီတင်းကျွတ်ရောက်ရင် မေမေ၊ဖေဖေ နဲ့ အစ်ကိုတွေအစ်မတွေ
ဦးလေးတွေ၊ဒေါ်လေးတွေကို ကန်တော့မယ်၊ဆရာဆရာမတွေကို လိုက်ကန်တော့မယ်။ပြီးရင်ရတဲ့ မုန့်ဖိုးနဲ့ မြို့ကပွဲတော်မှာ လျှောက်
လည်မယ်ပေါ့။စိတ်မှာဒါပဲရှိတယ်လေ။မိရိုးဖလာ ၊ထုံးတမ်းစဉ်လာအရသာ သီတင်းကျွတ်ရောက်ရင် မေမေ၊ဖေဖေ အပါအ၀င် လူကြီး
သူမတွေကို ကန်တော့ခဲ့တယ်။ဘာရည်ရွယ်ချက်နဲ့ ဘာအတွက်ကန်တော့ကြတာလဲဆိုတာကို မစဉ်းစားမိခဲ့ဘူး။ကျွန်တော့်လိုပဲ မစဉ်း
စားမိပဲ အစဉ်အလာအရ ကန်တော့နေသူတွေ ဘယ်လောက်များမလဲ မသိဘူးနော်။
ဒီအစဉ်အလာလေးကတော့ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါကတည်းက စတင်ဖြစ်တည်လာခဲ့တာပါ။မြတ်စွာဘုရားဟာ
မယ်တော်မာယာရဲ့ ကျေးဇူးတော်ကို တာဝတိံသာနတ်ပြည်ထိသွားရောက်ပြီး မယ်တော်ကို နိဗ္ဗာန်ရောက်ကြောင်းတရားဟောပြီး ကျေးဇူး
ဆပ်ခဲ့ပါတယ်။ဒါပေမယ့်လို့ ဘုရားရှင်ဟာ မိခင်ရဲ့နို့တစ်လုံးဖိုးကိုသာ ကျေအောင်ဆပ်နိုင်ခဲ့ပါတယ်။အကျွန်တို့လို သာမန်ပုထုဇဉ်လူသားတွေ အတွက်ဆိုရင်တော့ မိခင်ရဲ့ကျေးဇူးတရားကို မည်သို့ကျေအောင်ဆပ်နိုင်ပါမည်နည်း။မြတ်စွာဘုရားရှင်
မယ်တော်မာယာကို တရားဟောပြီးလို့ တာဝတိံသာက ပြန်ကြွလာတဲ့အခါမှာ လူအပေါင်း၊နတ်အပေါင်းက ဆီမီး၊ပန်းနံ့သာ၊အမွှေး
တိုင်၊သစ်သီးဝလံတွေနဲ့ ဆက်ကပ်လှူဒါန်းကြတယ်လေ။ဒီအစဉ်အလာလေးကို ထိန်းသိမ်းလာခဲ့တာ ဒီနေ့တိုင်အောင်ပဲပေါ့။
နောက်တစ်ခုရှိသေးတယ်....ကျွန်တော်တို့ပျဉ်းမနားသားတွေက သီတင်းကျွတ်ဆိုရင် အိမ်ကိုမရောက်ရောက်အောင်ပြန်လာကြတယ်လေ။ပျဉ်းမနား သီတင်းကျွတ် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို မြန်မာပြည်အရပ်ရပ်က
လူငယ်တွေ တော်တော်များများ သိထားကြပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း သင်္ကြန်ပွဲတော်ပြီးရင် သီတင်းကျွတ်ပွဲတော်ကို အနှစ်
သက်ဆုံးလေ။အခုတော့ သင်္ကြန်နဲ့ရော၊သီတင်းကျွတ်ပွဲတော်နဲ့ရော ဝေးနေတာ (၃)နှစ်ကျော်ပါပြီကော။လာမယ့် သင်္ကြန်နဲ့ သီတင်းကျွတ်ပွဲတော်ကိုတော့ ကိုယ်တိုင်ပါဝင်ဆင်နွှဲနိုင်မယ်ထင်ပါရဲ့။သြော်အခုနှစ် သီတင်းကျွတ်ကိုတော့ အဝေးတစ်မြေကနေပဲ
မေမေ၊ဖေဖေ၊ဆရာသမားအပေါင်းနဲ့ အစ်ကိုကြီး၊အစ်မကြီးတွေကို လက်ဆယ်ဖြာထိပ်မှာမိုးလို့ သားငယ်ကန်တော့လိုက်ပါတယ်။
သီတင်းကျွတ်လပြည့်နေ့ကို မှတ်မှတ်ရရဖြစ်အောင် အသိပေးခဲ့တဲ့ မေ့ကိုလည်း ကျေးဇူးတင်လျက်။

ရှိန်း (၂၄ အောက်တိုဘာ ၂၀၀၇)

Friday, October 19, 2007

ကျွန်တော်တို့ မြို့အကြောင်း တစေ့တစောင်း

Pyinmana is a logging town and sugar cane refinery center in Mandalay Division of Myanmar. The administrative capital of Myanmar was officially moved to this place.It is two miles (3.2 km) west of Pyinmana. Pyinmana is approximately 200 miles (322 km) north of Yangon. The village of Yezin, a few miles north and east of Pyinmana, has been the site of national scientific research institutions since the late 1970s.
Pyinmana was the base of the Burma Independence Army (later renamed and reorganized into the Burma National Army by the Japanese). It was in Pyinmana that the army and its officers were trained. Later the BNA changed sides, aiding the allies with guerrilla warfare, and the operations were seen as a victory by the Burmese. Pyinmana became an icon in the Burmese Army, as the place where 'superior invaders' were defeated by the Burmese.It was changed to the new capital of Myanmar(Naypyitaw) at 27 march 2006.There is a Sittaung river 6 miles east of Pyinmana.



Coordinates: 19°44′N, 96°12′E
Location: mandalay divison
Population:1000000 (2007 est)
Ethnicities :Bamar, Burmese Indians, Kayin,Shan
Religions : Buddhism, Muslim
Area : 1776.1 square .mi (4600 km2 )

Tuesday, October 16, 2007

တစ်နေ့......ဘယ်သောခါမှ

သူရိန်နေမင်းကြီးမှာ လောင်ကျွမ်းနေတဲ့
ဟိုက်ဒရိုဂျင်ဓာတ်ငွေ့တွေ ကုန်ဆုံးသွားတဲ့တစ်နေ့။

လကမ္ဘာပေါ်မှာ လူသားတွေ(စကက်ဖန်)
မပါပဲ လမ်းလျှောက်နိုင်တဲ့တစ်နေ့။

ပင်လယ်ရေငန်တွေ ချိုသွားတဲ့တစ်နေ့...။

ပန်းနေကြာတွေအားလုံး နေရှိရာအရပ်ကို
မျက်နှာမမူပဲ ဖူးပွင့်တဲ့တစ်နေ့...။

နေ့အခါမှာ နေခြည်အလင်းနဲ့
ကုမုဒြာကြာပန်းတွေ ပွင့်တဲ့တစ်နေ့...။

အဲဒီဘယ်သောအခါမှ မရောက်လာနိုင်မဲ့တစ်နေ့ကျမှ
မေ့ကို မေ့သွားဖို့ဖြစ်လာပါလိမ့်မယ်။

(စကက်ဖန်=အာကာသနှင့်လပေါ်တွင် အာကာသယာဉ်မှုးများ ၀တ်ဆင်ရသော ၀တ်စုံ)

ရှိန်း (၁၇ အောက်တိုဘာ ၂၀၀၇)

Sunday, October 14, 2007

အိပ်မက်စေရာ....

မေ....
အစကတည်းကအိပ်မက်တစ်ခုမှန်းသိခဲ့ပါတယ်။ဒါပေမယ့် အဲဒီအိပ်မက်ကို အိပ်မက်တစ်ခုလို ပြီးဆုံးသွားမှာကို ဘာကြောင့်
ကြောက်နေမိပါလိမ့်။အိပ်မက်ဆိုတာ မနက်မိုးသောက်အာရုံရောက်ရင် ပျောက်ကွယ်သွားမယ်ဆိုတာ မောင်သိပြီးသားပါလေ။

မေရယ်....
အိပ်မက်တစ်ခုကို လက်တွေ့ဘ၀ထဲကိုရောက်လာအောင် အခုအခြေအနေမှာ မောင်မစွမ်းဆောင်နိုင်သေးဘူးလေ။လောလောဆယ်
မောင့် အခြေအနေက ရေပိုက်လုံးထဲကရေလို၊ပုံစံခွက်ထဲမှာ ရှိနေတဲ့ပုံဆောင်ခဲတစ်ခုလို ရှိနေတယ်လေ။ဒါပေမယ့် မေ့ကိုချစ်တဲ့
စွမ်းအားတွေကြောင့် မောင်ရုန်းထွက်ဖို့ စဉ်းစားနေရပြီလေ။

မေ....
အရိုးသားဆုံးဝန်ခံရရင် မေနဲ့တွေ့ရတဲ့အချိန်တွေမှာ ဘာတွေနဲ့မှမတူအောင် ခံစားချက်တွေထူးခြားနေတယ်။စိတ်ကူးတိုင်းဟာ လန်းဆန်းနေတယ်။တက်ကြွနေတယ်။အနာဂတ်ကို ကြိုတင်ရင်ခုန်နေမိတယ်။ဒါပေမယ့် အဲဒီပျော်ရွှင်မှုတွေအားလုံးဟာ တစ်နေ့မှာ
ပျောက်ကွယ်သွားမှာကို စိုးရိမ်နေရတယ်လေ။

မေ...
ချစ်သူတိုင်းဟာ သူတို့ရဲ့ချစ်သူတွေအတွက် အကောင်းဆုံးပေးဆပ်ချင်ကြတယ်တဲ့....မေပြောခဲ့တာနော်။မေ့အတွက် မောင့်ရဲ့
ပေးဆပ်ခြင်းက အခုမက်နေတဲ့အိပ်မက်ကို အိပ်မက်လိုပဲ ဆက်မက်ရမယ် ထင်ပါတယ်မေရယ်....။ဒါပေမယ့် အိပ်မက်စေရာအတိုင်းတော့ ဘ၀ကြီးကိုမလျှောက်လှမ်းချင်တာ ရင်ထဲကဆန္ဒရယ်ပါ။

ရှိန်း(၁၄.၁၀.၀၇)

Wednesday, October 10, 2007

ဒီလိုလေးလည်း.....ဖြစ်တတ်တယ်

ချစ်သူနဲ့သာ

တစ်နေ့တစ်ခါ

မတွေ့ရလျှင်

မရွှင်နှလုံး

မပြုံးမျက်နှာ

မလန်းခန္ဓာ

မကြည်စိတ်ထား

မြင်မြင်သမျှ

အဆိုးမှတ်လို့

ဒေါသတွေပဲ

ကြီးတော့တယ်။

ရှိန်း(10.oct.2007)

Thursday, October 4, 2007

သတ္တိခွန်အားရှိစေချင်သည်

မြတ်စွာဘုရားသခင်
ဘေးအန္တရာယ်အပေါင်း၏လွတ်ကင်းရာမှ ကျွန်ုပ်ခိုလှုံပါရစေကြောင်းဆုမတောင်းမိပါစေနှင့်၊
ထို အန္တရာယ်ရင်ဆိုင်ရသည့်အခါအကြောက်အရွံ့ မဲ့သူဖြစ်ဖို့ ဆိုတောင်းမိပါရစေ။
ကျွန်ုပ်ဆင်းရဲဝေဒနာကို
လျော့ချဖယ်ရှားဖို့ကျွန်ုပ်မတောင်းဆို မိပါစေနှင့်၊
ထိုဝေဒနာကိုခံနိုင်သည့် အောင်နိုင်သည့်
နှလုံးသား သာရှိပါရစေ။
ကျွန်ုပ်ရင်ဆိုင်နေရသော
ဘ၀တိုက်ပွဲများတွင်စစ်ကူမဟာမိတ်များကို
မတမ်းတ၊ မရှာဖွေမိပါစေနှင့်
ကျွန်ုပ်ကိုယ်တိုင် ကိုယ့်ကိုကိုယ်သာ အားကိုးမိပါရစေ။ကျွန်ုပ်အကြပ်အတည်းမှ ကယ်ဆယ်ပေးပါရန်မမြည်တမ်းပါရစေနှင့်၊
ကျွန်ုပ်ကိုယ်တိုင် လွတ်မြောက်မှုကိုစိတ်ရှည်စွာ အောင်နိုင်သူဖြစ်ဘို့မျှော်လင့်ပါရစေ။
ကျွန်ုပ်အောင်မြင်ချိန်တွင်လည်း
သင်၏ဂရုဏာတော်ကို
ခံစားသည့်သူရဲဘောနည်းသူ မဖြစ်ဖို့၊
ကျွန်ုပ်ကျရှုံးလျှင်လည်း
သင်လက်၏ ဆုပ်ကိုင်မှုကိုရှာဖွေတွေ့သူဖြစ်ဖို့
ကျွန်ုပ်အား ခွန်အားကိုသာ ပေးသနားပါ။


ရာဘင်ဒါနတ်တဂိုး

Monday, October 1, 2007

ပြန်လည်ခံစားမိခြင်း

မေ....
ဒီကိုရောက်လာပြီးမှ ပထမဆုံးအကြိမ်လရောင်ဆမ်းတဲ့ အခန်းငယ်လေးထဲမှာ အတွေးတွေကိုဖြန့်ကျက်မိခဲ့တယ်။
ဒီလိုအရသာမျိုးကို မခံစားရတာကြာပြီလေ။လျှပ်စစ်မီးရောင်စုံတွေနဲ့ ထိန်လင်းနေတဲ့ မြို့ကြီးတစ်ခုရဲ့ ညချမ်းမှာ လရောင်ကို
အေးအေးချမ်းချမ်းလေးနဲ့ ခံစားရဖို့ဆိုတာ မလွယ်ပါဘူး။စိတ်မော၊လူမော ဘ၀အမောတွေနဲ့ သဘာဝရဲ့ညအလှတရားတွေ မခံစားခဲ့ရတာတောင် ကြာခဲ့ပါပြီပကော။အတွေးသစ်လေးတွေ ထက်မြက်နေတဲ့အချိန်၊လူငယ်စိတ်နဲ့တက်ကြွနေတဲ့အချိန်တုန်းကတည်း
က လရောင်ကိုစတင်ခံစားတတ်လာတယ်။ငယ်ငယ်တုန်းက လရောင်အောက်မှာ မောင်နှမတတွေနဲ့ကစားခုန်စားခဲ့တာတွေကိုလည်း
ခုလိုညချမ်းအချိန်မှာ စိတ်ကူးထဲကို အလိုလို ရောက်လာခဲ့တယ်လေ။

မေ....
အတိတ်ကို စိတ်အစဉ်မှာ ပြန်မြင်ယောင်ပြီးတော့ လာလိုက်တာ နောက်ဆုံးအတွေးတွေက မေ့ဆီမှာ ရပ်တန့်သွားခဲ့ရတယ်လေ။
ဘာလို့လဲဆိုတော့ ကို့ရဲ့ လက်ရှိအချိန်တွေကို မေက ပိုင်ဆိုင်ထားတယ်လေ။

မေ...
စိတ်ကူးယဉ်တယ်လို့ပဲပြောပြော...အဲဒီလိုအေးမြတဲ့လရောင်အောက်မှာ မေနဲ့နှစ်ယောက်တည်းထိုင်ပြီး စကားတွေပြောချင်တယ်။
အချိန်တိုင်းမှာ မေ့ကိုသတိရနေတဲ့လူတစ်ယောက်အနေနဲ့ အခုလို လရောင်ရဲ့ ဖေးမမှုအောက်မှာ မေ့ကို ပိုမိုလွမ်းဆွတ်သတိရမိမယ်ဆိုတာ ကို မပြောလည်း မေသိနေမှာပါ။ရှေးခေတ်က၀ိစာဆိုကြီးတွေဖြစ်တဲ့ ဦးကြင်ဥတို့ ဦးပုညတို့ကတောင် ကဗျာတွေမှာရေးဖွှဲ့ခဲ့ကြတယ်လေ။သဘာဝပတ်ဝန်းကျင်ကြီးက စေ့ဆော်ရင် ရသေ့သူတော်စင်တွေတောင်မှ
ဈာန်ချောခဲ့ရတာပါပဲလေ။သူတို့တွေကတော့ နွေရဲ့အလှကို ဖွှဲ့နွဲ့ခဲ့ကြတာလေ။ ကို ကတော့ နွေရဲ့အလှထက် လရောင်ရဲ့အေးမြမှုမှာ
ပိုမိုယစ်မူးခဲ့တယ်လေ။

မေ...
ပြတင်းတံခါးကနေ ဖြတ်စီးလာတဲ့လရောင်ရဲ့အေးမြမှုမှာ စီးမျှောနေရင်း မေ့ရဲ့ပုံရိပ်တွေက စိတ်ကူးမှာကိန်းအောင်းနေတယ်လေ။
မျက်ဝန်းတွေမှာ မေ့ရဲ့မျက်နှာဝိုင်းလေးက စွဲထင်နေပြီလေ။ဒီလိုနဲ့ စိတ်ကူးတွေ ရွက်လွှင့်လိုက်တာ ပြတင်းပေါက်ဘောင်ကို လမင်းကြီးဖြတ်ကျော်သွားပြီး အခန်းငယ်ထဲမှာ အေးမြတဲ့အလင်းတန်းလေးတွေေ၀၀ါးပြီး ပျောက်ကွယ်သွားတဲ့ အထိပါပဲ...

အမှတ်တရ
၀၁.၁၀.၀၇
မနက် ၀၀း၁၅ နာရီ

ရှိန်း