Monday, August 20, 2007

အချစ်...ဘဝ

မမှီတဲ့ပန်းမို့
ခုန်မခူးချင်ဘူး
ဆိုပြန်တော့လည်း
ပန်းကိုယ်တိုင်က ကြွေချင်သူပါတဲ့။

ဘ၀တွေက
ခြားလွန်းပါတယ်
ဆိုပြန်လေလည်း
အချစ်အတွက် အက်ဒွပ်ဘုရင်တောင်
ထီးနန်းစွန့်ခဲ့သေးတာပဲ မောင်ရယ်တဲ့။

သြော်ခုတော့လည်း
သူ့နှုတ်ခမ်းလွှာ ပါးပါးဆီက
ဖွင့်ဟစကား လွင့်ကာသွားပြီ
လေညှင်းနဲ့တောင်
ယွန်းလေပြီ။

ရှိန်း

ချစ်သူသိစေ...

ဖွင့်ဟမဆို
နှုတ်ကမမြွက်
ရင်၌၀ှက်လည်း....
ချစ်ခြင်းအနန္တ
လျော့၍မသွား
တိုးလျက်သာပင်
ရှိနေဆဲကို
ချစ်သူသိစေ
နားလည်စေ။

ရှိန်း(20.08.07)

Friday, August 3, 2007

ချစ်သူ......သို့....

ချစ်သူ....
ငါရဲ့စကားတွေကို
နားနဲ့ နားမထောင်ပါနဲ့။
နှလုံးသားနဲ့ နားထောင်ပေးပါ။

ချစ်သူ...
ငါရဲ့အချစ်တွေကို
ဦးနှောက်နဲ့ မစဉ်းစားပါနဲ့။
နှလုံးသားနဲ့ စဉ်းစားပေးပါ။

ချစ်သူ...
ငါရဲ့အချစ်တွေကို
အတိတ်မှာပဲ မထားခဲ့ပါနဲ့။
နှလုံးသားအစုံနဲ့အတူ အနာဂတ်ဆီ သယ်ဆောင်ခဲ့ပေးပါ။

ရှိန်း (၃.၈.၀၇)