ပြန်လည်ခံစားမိခြင်း
မေ....
ဒီကိုရောက်လာပြီးမှ ပထမဆုံးအကြိမ်လရောင်ဆမ်းတဲ့ အခန်းငယ်လေးထဲမှာ အတွေးတွေကိုဖြန့်ကျက်မိခဲ့တယ်။
ဒီလိုအရသာမျိုးကို မခံစားရတာကြာပြီလေ။လျှပ်စစ်မီးရောင်စုံတွေနဲ့ ထိန်လင်းနေတဲ့ မြို့ကြီးတစ်ခုရဲ့ ညချမ်းမှာ လရောင်ကို
အေးအေးချမ်းချမ်းလေးနဲ့ ခံစားရဖို့ဆိုတာ မလွယ်ပါဘူး။စိတ်မော၊လူမော ဘ၀အမောတွေနဲ့ သဘာဝရဲ့ညအလှတရားတွေ မခံစားခဲ့ရတာတောင် ကြာခဲ့ပါပြီပကော။အတွေးသစ်လေးတွေ ထက်မြက်နေတဲ့အချိန်၊လူငယ်စိတ်နဲ့တက်ကြွနေတဲ့အချိန်တုန်းကတည်း
က လရောင်ကိုစတင်ခံစားတတ်လာတယ်။ငယ်ငယ်တုန်းက လရောင်အောက်မှာ မောင်နှမတတွေနဲ့ကစားခုန်စားခဲ့တာတွေကိုလည်း
ခုလိုညချမ်းအချိန်မှာ စိတ်ကူးထဲကို အလိုလို ရောက်လာခဲ့တယ်လေ။
မေ....
အတိတ်ကို စိတ်အစဉ်မှာ ပြန်မြင်ယောင်ပြီးတော့ လာလိုက်တာ နောက်ဆုံးအတွေးတွေက မေ့ဆီမှာ ရပ်တန့်သွားခဲ့ရတယ်လေ။
ဘာလို့လဲဆိုတော့ ကို့ရဲ့ လက်ရှိအချိန်တွေကို မေက ပိုင်ဆိုင်ထားတယ်လေ။
မေ...
စိတ်ကူးယဉ်တယ်လို့ပဲပြောပြော...အဲဒီလိုအေးမြတဲ့လရောင်အောက်မှာ မေနဲ့နှစ်ယောက်တည်းထိုင်ပြီး စကားတွေပြောချင်တယ်။
အချိန်တိုင်းမှာ မေ့ကိုသတိရနေတဲ့လူတစ်ယောက်အနေနဲ့ အခုလို လရောင်ရဲ့ ဖေးမမှုအောက်မှာ မေ့ကို ပိုမိုလွမ်းဆွတ်သတိရမိမယ်ဆိုတာ ကို မပြောလည်း မေသိနေမှာပါ။ရှေးခေတ်က၀ိစာဆိုကြီးတွေဖြစ်တဲ့ ဦးကြင်ဥတို့ ဦးပုညတို့ကတောင် ကဗျာတွေမှာရေးဖွှဲ့ခဲ့ကြတယ်လေ။သဘာဝပတ်ဝန်းကျင်ကြီးက စေ့ဆော်ရင် ရသေ့သူတော်စင်တွေတောင်မှ
ဈာန်ချောခဲ့ရတာပါပဲလေ။သူတို့တွေကတော့ နွေရဲ့အလှကို ဖွှဲ့နွဲ့ခဲ့ကြတာလေ။ ကို ကတော့ နွေရဲ့အလှထက် လရောင်ရဲ့အေးမြမှုမှာ
ပိုမိုယစ်မူးခဲ့တယ်လေ။
မေ...
ပြတင်းတံခါးကနေ ဖြတ်စီးလာတဲ့လရောင်ရဲ့အေးမြမှုမှာ စီးမျှောနေရင်း မေ့ရဲ့ပုံရိပ်တွေက စိတ်ကူးမှာကိန်းအောင်းနေတယ်လေ။
မျက်ဝန်းတွေမှာ မေ့ရဲ့မျက်နှာဝိုင်းလေးက စွဲထင်နေပြီလေ။ဒီလိုနဲ့ စိတ်ကူးတွေ ရွက်လွှင့်လိုက်တာ ပြတင်းပေါက်ဘောင်ကို လမင်းကြီးဖြတ်ကျော်သွားပြီး အခန်းငယ်ထဲမှာ အေးမြတဲ့အလင်းတန်းလေးတွေေ၀၀ါးပြီး ပျောက်ကွယ်သွားတဲ့ အထိပါပဲ...
အမှတ်တရ
၀၁.၁၀.၀၇
မနက် ၀၀း၁၅ နာရီ
ရှိန်း

1 Comments:
I have been get this feeling.
While shining the moon I have been remembered someone.
But he don't know that. Even he don't know I satisfied to see the light of moon.
Post a Comment
Subscribe to Post Comments [Atom]
<< Home