ဝေးရာဆီသို့
ကောင်မလေးရေ..
မင်းနဲ့ကိုတို့ဟာ အဝေးဆုံးတစ်နေရာဆီမှာ မြစ်ဖျားခံစီးဆင်းခဲ့ကြတဲ့ စမ်းချောင်းကလေးတွေလိုပါပဲ။
စုန်ရေနဲ့အတူ မတူညီတဲ့လမ်းကြောင်းအတိုင်း စီးဆင်းခဲ့ကြပေမယ့်....
ခဏတွေ့ရတဲ့ ဘ၀တကွေ့မှာ မင်းနဲ့ငါဆုံစည်းဖို့ မြစ်ဆုံတစ်နေရာကို ရောက်ရှိခဲ့တယ်လေ။
သဘာဝအတိုင်းဆိုရင်တော့ မင်းနဲ့ငါဟာ မြစ်ကြီးအတိုင်းစီးဆင်းသွားပြီး
ဘ၀ဆိုတဲ့ပင်လယ်ကြီးကို ကူးခတ်ကြရုံပေါ့ကွယ်။
ကောင်မလေးရေ...
မြစ်ဆုံက ၀ဲဂယက်မှာ ခဏတာလည်ပတ်နေတုန်း
မင်းကတော့ စမ်းချောင်းလေးအတိုင်း ဆိတ်ငြိမ်စွာ ပြန်လည်ဆန်တက်သွားခဲ့တယ်လေ။
အဝေးဆုံးကနှစ်ယောက်က ဘာလို့အဝေးဆုံးကို ပြန်သွားရမှာလဲ။

