Tuesday, March 10, 2009

မျှော်လင့်ချက်

မျှော်လင့်ချက်

မဟူရာညမှာ ကြွေခဲ့တဲ့ ကြယ်တစင်း
လမိုက်ညဆိုရင်တော့
ကြယ်စင်တွေ မပျော်ဘူးပေါ့
ညကလည်းမှောင်
လကလည်းမိုက်
ကြယ်စင်တွေ တိမ်ညိုဖုံးပြီဆိုမှဖြင့်
ပိုးစုန်ုးကုး သူ့အလင်းသာ
ကောက်ရိုးတမျှင် ဖြစ်ရပြီပေါ့။

ရှိန်း
(11.3.09)

Wednesday, February 25, 2009

ဦးတည်ရာ...

ဆန´တစုံကို

အတောင်ပံတပ်လို့

ပျံချင်ရာ ပျံဖို့များ အခွင့်ရခဲ့ရင်

ငါ့ရဲ့ဦးတည်ရာက

မင်းရင်ခွင်ကလွဲ

ဘယ်ဆီမှာများ ဖြစ်နိုင်မှာလဲကွယ်…

ရှိန်း..(npt)..
26.2.09

အမြဲ...

တစ်ယောက်တည်းဆက်ချစ်ခွင့်

တိတ်တိတ်လေးပေါ့

မေ..မသိစေရပါဘူး။

စိုနေတဲ့…ငါ့မျက်ဝန်းတွေ

ခန်းခြောက်တဲ့တနေ့

တို့နှစ်ယောက်လည်း

ဘ၀တွေ ခြားခဲ့ပြီပေါ့။

ရှိန်း (26.2.09)

Monday, February 23, 2009

Back

All of my friends...
be back

Tuesday, January 8, 2008

အမေ့ရင်ခွင်

ဒီစကားစုလေးကို မြင်လိုက်ရရင်ပဲ အရာအားလုံးဟာ ပြည့်စုံသွားတယ်။ပြီးတော့ ရင်ထဲမှာ အမျိုးအမည် မသိတဲ့ ခံစားမှု တစ်ရပ်နဲ့အတူ နွေးထွေးမှုတွေကိုလည်း ရရှိလာတယ်လေ။သြော် ဘာလိုလိုနဲ့ အမေ့အိမ်နဲ့ ဝေးရာကနေ အမေ့ရင်ခွင်ဆီ ပြန်ရောက်ရတော့မယ်။ဘာနဲ့မှ မလဲနိုင်ဘူးဗျာ။ဒီအကြောင်းလေးကို တွေးပြီး စိတ်ကူးရတာကိုက လူ့ကို လေထဲမှာ မြှောက်ထားသလိုပဲ။(၃)နှစ်နဲ့ ငါးလ....ကြာတယ်လို့ ဆိုနိုင်သလို မကြာဘူးလို့လဲ ပြောရပါတယ်။ ဒါပေမယ့် အရင်တုန်းက တနှစ်နေရင် အမေ့အိမ်တစ်ခေါက်ရောက်နေကျလေ။ခုတော့ (၃)နှစ်ကျော်မှဆိုတော့ ပြန်ချင်ပြီပေါ့။တနေရာမှာ ဆုံစည်းဖို့ တစ်နေရာမှာတော့ ခွဲခွါခဲ့ရမှာပေါ့။(၃)နှစ်ကျော်အတူနေလာခဲ့တဲ့ သူငယ်ချင်းတွေနဲ့ ခွဲရတော့မယ်။ကျောင်းတော်ကြီးနဲ့ ဝေးရတော့မယ်။ဒါပေမယ့် ခံစားမှု နှစ်ခုက အရမ်းကွာနေတော့....။ဗိုလ်ရှုရေ......မင်းက အမေ့ရင်ခွင်တင် ဟုတ်လို့လားကွာ.....ဒီလိုမေးလာရင်တော့ ဖြေဘူးနော်.....သတ်ချင်ရင်သတ်ပစ်လိုက်.....
အမေ့ရင်ခွင်နဲ့ ဝေးနေတဲ့သူတွေအားလုံး အနှေးနဲ့ အမြန် ပြန်လည် ၀င်ရောက်နိုင်ပါစေဗျာ။

ရှိန်း

Sunday, January 6, 2008

ခွဲခွာခြင်းမှတ်တိုင်

တကယ်တော့ ဆုံမှတ်ဆိုတာကကို ခွဲခွာဖို့အတွက် စတင်ခြင်းပဲလေ။
ဆုံဆည်းကြပြီဆိုကတည်းက တနေ့မဟုတ် တနေ့တော့ ခွဲရမှာပဲလေ။
ဖြေးဖြေးနဲ့ မြန်မြန်ကွာသွားတာပဲ ရှိတယ်လေ။
အမှတ်မထင်တွေ့ခဲ့ကြပြီး အမှတ်မထင်ပဲခွဲခွာသွားရတဲ့သူတွေ ရှိသလို
မှတ်မှတ်ရရတွေ့ခဲ့ကြပြီးမှ တိတ်တိတ်လေးခွဲခွာသွားတဲ့သူတွေ ရှိကြမှာပေါ့။
တကယ်တော့ ခွဲခွာခြင်းဆိုတာ ချစ်ခင်နှစ်သက်သူတွေအတွက် အနုတ်လက္ခဏာဆောင်တဲ့ ပြယုဂ်တခုပဲလေ။
ကျွန်တော်ကတော့ အားလုံးကို မှတ်မှတ်ရရပဲ နှုတ်ဆက်ခဲ့ချင်ပါတယ်။
ကံမကုန်ရင်တော့ ပြန်ဆုံကြဦးမှာပေါ့။

အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။

Saturday, November 24, 2007

အစဉ်

သည်ဆောင်းဟေမာန်၊ ရောက်ပြန်လေတော့
နှင်းမှုန်ဖွေးဖွေး၊ ချမ်းအေးအေးမှာ
မေ့လက်ကိုတွဲ ၊တူယှဉ်လျှောက်စဉ်
လောကဓာတ်အအေး
အံတုရင်ဆိုင် ၊နေခဲ့နိုင်သည်
ရင်မှာနွေးထွေး၊ မေ့အပြုံးလေး။

ဂိမာန်နွေခါ ၊ရောက်လေပြန်လည်း
ရိုးတံပြိုင်းပြိုင်း သစ်အိုပင်လား
ထင်မှတ်မှားရ
ပူကျစ်ပူလောင် နွေလည်ခေါင်ဝယ်
ဥသြငှက်ငယ် လွမ်းတေးဆိုသော်
မေ့ကိုသာပဲ လွမ်းမိသည်။

မိုးနှောင်းဝသန် ရောက်လေပြန်လည်း
ဝန်းကျင်တခို တိမ်ညိုတိမ်မှိုင်း
လျှပ်ပန်းလျှပ်နွယ် မိုးရေလည်မှာ
မေနဲ့အတူ ထီးတလက်ကိုဆွဲ
ဝန်းကျင်ကိုမေ့လို့
မိုးရေထဲမှာ လျှောက်သွားချင်သည်။

မေ...
အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်တိုင်းရဲ့
စိတ်ကူးယဉ်မှု
လွမ်းဆွတ်မှုတိုင်းမှာ
မေသာအစဉ် ရှိနေကြောင်းကို
..........ရှိနေကြောင်းကို။

ရှိန်း
၂၄.၁၁.၂၀၀၇