ခွဲခွာခြင်းမှတ်တိုင်
တကယ်တော့ ဆုံမှတ်ဆိုတာကကို ခွဲခွာဖို့အတွက် စတင်ခြင်းပဲလေ။
ဆုံဆည်းကြပြီဆိုကတည်းက တနေ့မဟုတ် တနေ့တော့ ခွဲရမှာပဲလေ။
ဖြေးဖြေးနဲ့ မြန်မြန်ကွာသွားတာပဲ ရှိတယ်လေ။
အမှတ်မထင်တွေ့ခဲ့ကြပြီး အမှတ်မထင်ပဲခွဲခွာသွားရတဲ့သူတွေ ရှိသလို
မှတ်မှတ်ရရတွေ့ခဲ့ကြပြီးမှ တိတ်တိတ်လေးခွဲခွာသွားတဲ့သူတွေ ရှိကြမှာပေါ့။
တကယ်တော့ ခွဲခွာခြင်းဆိုတာ ချစ်ခင်နှစ်သက်သူတွေအတွက် အနုတ်လက္ခဏာဆောင်တဲ့ ပြယုဂ်တခုပဲလေ။
ကျွန်တော်ကတော့ အားလုံးကို မှတ်မှတ်ရရပဲ နှုတ်ဆက်ခဲ့ချင်ပါတယ်။
ကံမကုန်ရင်တော့ ပြန်ဆုံကြဦးမှာပေါ့။
အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။

3 Comments:
This comment has been removed by a blog administrator.
Please don't say to anybody
"Goodbye............."
This poem is the best.
hi
ako,
nyima ko kya tot goodbye ma lote twar bu.
ta kal ma khin khae lo htin par tal.
sate ma kg bu
may u be happy.
Post a Comment
Subscribe to Post Comments [Atom]
<< Home