Monday, July 30, 2007

ဆိုရင်

လိုချင်တိုင်းသာ ရခဲ့မယ်ဆိုရင်
နပိုလီယံ အင်္ဂလန်ကျွန်းကို သိမ်းနိုင်ခဲ့မှာပေါ့။
ဆုတောင်းတိုင်းသာ ပြည့်ခဲ့မယ်ဆိုရင်
ငပျင်းတွေပဲ တိုးလာတော့မှာပေါ့။
လဲကျခဲ့တိုင်းသာ အရှုံးပေးခဲ့မယ်ဆိုရင်
အက်ဒီဆင်ရဲ့ မီးလုံးဆိုတာ ပေါ်လာမှာမဟုတ်ဘူး။
လက်ရှိဘ၀ကိုပဲ ရောင့်ရဲနေမယ်ဆိုရင်
ကျောက်ခေတ်ကကို တက်လာမှာမဟုတ်တော့ဘူးပေါ့။
အရှုံးပေးတိုင်းသာ နှလုံးအေးကျေးဆိုရင်
အောင်မြင်မှုကို ဘယ်သူတပ်မက်တော့မှာလဲ။
လောကဓံတရားဆိုတာ မရှိခဲ့ဘူးဆိုရင်
ဘ၀ကို ဘယ်သူနားလည်တော့မှာလဲ။

Thursday, July 5, 2007

မေမေ့ကျေးဇူး

ရက်တွေရယ်နှောင်း လတွေပြောင်းလို့
မွေးနေ့တစ်ဖန် ရောက်ခဲ့ပြန်ပြီ။
ရာသီတွေပြောင်း ချိန်တွေဟောင်းခဲ့ပေမယ့်
မပြောင်းမပျက် ကျန်ခဲ့တာက
မွေးမေကျေးဇူးတွေရယ်ပါ။
မာတာမိခင် ကျေးဇူးရှင်က
သားတို့အရွယ် ငယ်ငယ်ကပင်
မဆိုထားဘိ
သန္ဓေတည်စ လောင်းလျာကပင်
ပူငန်စပ်ခါး ရှောင်ခါရှားလို့
သားတို့ရှေ့ရေး ပူပင်တွေးခဲ့
ထိုမှတဖန်
လူ့ပြင်လောက ရောက်ခဲ့ပြန်လည်း
ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်မှ
ယနေ့တိုင်အောင် ပြုစုခဲ့လို့
သားတို့လူလား မြောက်ခဲ့လေပြီ။
မေမေ့ကျေးဇူး အထူးထူးကို
ကဗျာပန်းကုံး သီကာထုံး၍
ပန်ဆင်ဖွှဲ.ဆင် ချင်ပါသော်လည်း
မြင့်မိုရ်မကျူး မေ့ကျေးဇူးကို
မမှီမှာစိုး လျော့ကျနည်းမှာ
စိုးရိမ်ပါ၍...စိုးရိမ်ပါ၍
သို့ပင်တငြား စိတ်စဉ်မှာကား
အမေ့ပုံရိပ် မေ့အကြောင်းသာ
မြဲလှအစဉ် ရှိလျက်ပါဟု။

သားငယ်(ရှိန်း)
၀၅.၀၇.၀၇

Wednesday, July 4, 2007

မေတ္တာကြွေးတော့ ပြန်ဆပ်ချင်

သံသရာတစ်ကွေ့မှာ
ကံကြမ္မာအရွှေ့ကြောင့် မင်းနဲ့ဆုံစည်းခဲ့ရပြီး
ဘ၀ရေစက်ကြီးမားလို့
ဓနရယ်မဖက်ချစ်ခဲ့သူကို
သံသရာတစ်ဆစ်ချိုးမှာ
ကံကြမ္မာ အညစ်ငြိုးရယ်ကြောင့်
မင်းနဲ့လမ်းခွဲဖို့ ဖန်လာခဲ့ရင်လည်း
အငြိုးတွေ သံသရာကုန်အောင်ဖွှဲ.ပါလို့
အခုတော့ တစိမ်းတွေလိုပါပဲလားလို့တော့
မပြောလိုက်ပါနဲ့။
မဆုံးတဲ့ သံသရာထဲမှာ
နှောင်ထုံးဖွှဲ. သံယောဇဉ်တွေကြောင့်
(မင်းအပေါ်မှာလေ)
မေတ္တာအကြွေးတွေ တင်ရှိနေခဲ့ရင်လေ
ဒီဘ၀ခဏဆုံတွေ့ခိုက်မှာ
မေတ္တာကြွေးတော့ ပြန်ဆပ်ခဲ့ပါရစေ...မေ။

ရှိန်း
(၁၀း၂၇ နာရီ)
၀၅.၀၇.၀၇