ဒုတိယ
လူရယ်လို့ ဖြစ်လာပြီးကတည်းက
သိတတ်စ အရွယ်ကစပြီး
အရာရာတိုင်းမှာ
ဘာဖြစ်လို့
ဒုတိယဆိုတာပဲ
ဖြစ်နေမှန်းကို မသိပါဘူး။
အစတုန်းကတော့ အမှတ်တမဲ့ပေါ့။
နောက်တော့လဲ မိုးညိုရဲ့ ဘ၀မှာတိုက်ဆိုင်မှုတွေက များလာတယ်လေ။
သတိထားမိချိန်ရောက်တော့ မိုးညိုအတွက် ဒုတိယဆိုတဲ့အရာကြီးက ကျိန်စာများလားလို့ ထင်လာမိတယ်။
ကျိန်စာလို့ စိတ်မှာခံစားလိုက်ရတော့ တော်တော်လေးလည်း ကြောက်သွားတယ်။
တဖြည်းဖြည်းနဲ့ ဒုတိယဆိုတာကြီးက စိတ်ကနေပျောက်လာတယ်။
ဒါနဲ့ပဲ မိုးညိုတို့တော့ ဟုတ်ပြီပေါ့ဆိုပြီး
ရင်ကိုကော့ ခေါင်းကိုမော့လို့ ဒုတိယဘ၀က လွတ်ပြီပေါ့ဆိုပြီး ဟစ်ကြွေးမယ်ဆိုပြီး
သေချာပြန်ကြည့်လိုက်တော့ မှ
မိုးညိုရေ...
မင်းရောက်နေတာက ဒုတိယနေရာပါပဲကွာ...။
သြော်....ကျိန်စာလို့ပဲ ပြောရမလား။ကံကြမ္မာ အငြိုးလို့ပဲဆိုရမလား။္မ
ဘယ်တော့များမှ ဒုတိယနေရာကနေ လွတ်ပါ့မလဲ မိုးညိုရေ.....
ရှိန်း
(၁၇.၁၁.၂၀၀၇)
ူ

2 Comments:
This comment has been removed by a blog administrator.
Pls don't think like that.
if u think u always reach second place,u could not be satisfied yr life.
u should be analyst how is the first person's practice and his behaviour and everythings.
But may I advice u somethings
pls don't take his things. You should be create your own ways to get the first place.
Post a Comment
Subscribe to Post Comments [Atom]
<< Home