မေ
ပြန်တွေးလိုက်တိုင်းရင်မှာတဆစ်ဆစ် နာလာလို့ပြန်မတွေးဖြစ်အောင် ကြိုးစားခဲ့ပါတယ်မေ။
ဒါပေမယ့်လည်း ဘ၀တစ်ခုလုံးအတွက်ရည်ရွယ်ထားခဲ့သူမို့ မေ့အရိပ်က ကိုယ့်နှလုံးသားမှာထာဝရရှိနေခဲ့တယ်လေ..။သြော်ခုလောက်
ဆိုရင်တော့.....
August လရဲ့ တစ်ခုသောစနေညနေမှာ မေနဲ့စတင်ဆုံစည်း ခဲ့ရတယ်လေ..။မေကတော့မှတ်မိမှာမဟုတ်ပါဘူး
လေ။မေနဲ့ပတ်သက်ရင် အရာရာကိုအလေးအနက်ထားခဲ့တဲ့ ကိုယ်ကသာမှတ်မိနေတာပါ။ တစ်ကြိမ်တစ်ခါမှ
မတွေ့ဘူးပဲနဲ့ မေနဲ့စကားတွေအများကြီးပြောဖြစ်ခဲ့တယ်လေ..။မေနဲ့တွေ့တွေ့ချင်းမှာပဲ မေ့ကိုခင်မင်သွားမိတယ်။
ကိုကလည်းအလုပ်နဲ့ဆိုတော့ မေနဲ့(၃)ရက်တစ်ခါလောက်တွေ့ဖြစ်တယ်လေ..။မေ မလာရင်လည်း မေနဲ့တွေ့ခဲ့
တဲ့နေရာလေးမှာ မေ့ကိုစောင့်နေမိခဲ့တယ်လေ။သူငယ်ချင်းတစ်ယောက်လို၊စကားပြောဖော်တစ်ယောက်
အနေနဲ့ မေ့ကိုမျှော်နေမိခဲ့တယ်။ဒီလိုနဲ့ပဲ ကိုနဲ့မေနဲ့ခင်ခဲ့တာ (၄)လကျော်ကျော်ကိုရောက်ခဲ့ပါတယ်.။
တနေ့မှာမေက ဇာတိမြို့ကိုပြန်ဦးမယ်တဲ့။ဒီအချိန်ထိ ကို့စိတ်အစဉ်မှာ မေက သူငယ်ချင်းတစ်ယောက်ထက်
မပိုခဲ့ဘူးလေ။မေနဲ့တွေ့ရတဲ့အချိန်မှာ မတွေ့ရတော့ ကို့စိတ်တွေအရင်လိုမဟုတ်တော့ဘူးဆိုတာ သိလိုက်ရ
တယ်လေ။မေ...မင်းရဲ့ရိုးသားတဲ့အပြုံးတွေအောက်မှာ ကို ပျော်ဝင်သွားခဲ့ပြီလေ။ဒါနဲ့ပဲ မေပြန်လာတော့ မရဲတရဲနဲ့ဖွင့်ပြောခဲ့မိတယ်။မေ ကတော့စဉ်းစားပါရစေဦးပေါ့။ကိုလည်းနားလည်ပေးခဲ့ပါတယ်။တွေ့နေကျနေရာ
လေးမှာတွေ့ရုံ၊စကားပြောရုံနဲ့ တစ်ယောက်အကြောင်းတစ်ယောက်မသိနိုင်ဘူးလေ။ဒါကြောင့်လည်း မေ့ကို
စဉ်းစားဖို့အချိန် (၁၃)လပေးခဲ့တယ်လေ။ခုတော့ unlucky number 13 ကြောင့်များလားလို့ စိတ်မှာထင်မိ
ပြန်တယ်။အဲဒီတုန်းကမေနဲ့တွေ့ရတဲ့အချိန်တိုင်းဟာ ပျော်ရွှင်စရာအတိနဲ့ပေါ့။ဘ၀မှာလည်းမေနဲ့သာဆိုရင်
အရာရာဟာ ပြည့်စုံသွားပြီလို့ ယုံကြည်ခဲ့ပါတယ်မေ..။ဒီလိုနဲ့ ကို့ရဲ့အမှတ်တရနေ့ တစ်နေ့မရောက်ခင် တစ်
ပတ်အလိုမှာမေ နဲ့ပုံမှန်လိုပဲတွေ့ခဲ့ကြတယ်လေ။မေ က မေးခဲ့တယ်လေ..။ကို့ရဲ့အမှတ်တရနေ့မှာ ဘာလိုချင်လဲတဲ့...။
မေရယ် ကို့ဘ၀မှာမေ့ဆီက အတောင်းတဆုံးက အဖြေတစ်ခုပါလို့ မ၀ံ့မရဲ ပြောခဲ့မိတယ်လေ။မေကလည်း
ကိုစိတ်ချမ်းသာအောင်လားမသိပါဘူး..၊ဖြစ်နိုင်ရင်ပေးမှာပေါ့တဲ့..။အဲဒီအချိန်တုန်းက ကိုဘယ်လောက်
ကြည်နူးဝမ်းသာနေတယ်ဆိုတာ ကို့ရဲ့အပြုအမူတွေကို ကြည့်ရင်မေသိခဲ့မှာပါ။ဒီလိုနဲ့ပဲ မမျှော်လင့်ရဲတဲ့
အမျှော်လင့်ဆုံးနေ့တစ်နေ့ကိုရောက်ခဲ့တယ်လေ။မေနဲ့တွေ့နေကျအချိန်ထက် (၁)နာရီစောပြီး ကိုတို့တွေ့နေကျ
နေရာလေးကို ရောက်နေခဲ့တယ်လေ။မျှော်လင့်ထားတဲ့အချိန်လွန်သွားလို့ ညကြီးမိုးချုပ်တိုင်အောင် ကိုစောင့်
နေခဲ့ပါတယ်မေ။မေ..မေ့မှာအရေးကြီးတဲ့အကြောင်းရှိလို့ မလာနိုင်တာပါလို့ ကို့စိတ်ကို ဖြေသိမ့်ခဲ့ပါတယ်မေ။
အဲဒီနေ့က သူငယ်ချင်းတွေအတွက်တောင် ကိုအချိန်မပေးနိုင်ခဲ့ပါဘူးမေ..။ကို့ရဲ့ဘ၀ထဲကို မေ ဘယ်တော့မှ
မလာတော့ဘူးဆိုတာကိုလည်း ကို ကြိုမသိခဲ့ဘူးလေ။(၄) ရက်လောက်ကြာတော့ မေ့ဆီက စာတိုလေးရ
တယ်လေ..။မေ အလုပ်တွေများနေလို့ပါတဲ့..။မေနဲ့မတွေ့ရတဲ့နေ့တွေမှာ တွေ့နေကျနေရာလေးမှာ ကို အမြဲ
ရှိခဲ့ပါတယ်မေ.။အများအားဖြင့် မေနဲ့တွေ့နေကျအချိန် (၆)pm ပေါ့။မေရယ်...တနေ့လာနိုး လာနိုးပေါ့။
မေရယ်..ဘာလို့..ဘာအကြောင်းပြချက်မှမပေးခဲ့ပဲနဲ့ ထားခဲ့ရက်တာလဲကွယ်။မေသိရအောင် ကို့ရဲ့အကြောင်း
တွေကိုလည်း မေ့ကိုပြောပြခဲ့ပါတယ်။မေ..စိတ်ဆိုးရအောင်လည်း ကိုမလုပ်ခဲ့မိပါဘူး။မေ ရှင်းပြခဲ့မယ်
ဆိုရင်လည်း ကို လက်ခံမှာပါ။ကို တို့အရွယ်က မိုက်ရူးရဲဆန်ရမယ့်အရွယ်မှ မဟုတ်တော့ပဲမေ ရယ်..။
မေလဲ သိမှာပါ..ဒါနဲ့များမေရယ်..ခုတော့တစ်ချိန်က မေပေးခဲ့တဲ့ ဓာတ်ပုံလေးကို ကြည့်ရင်းအလွမ်းဖြေနေရပါ
တယ်မေ..။မေ့ကိုလည်း ကျေးဇူးတင်ပါတယ်..။မေ...သံသရာဆုံးတိုင်လို့တော့မပြောတော့ပါဘူး..။
ကို့ရဲ့အသိတရားတွေ မလွင့်ပြယ်သရွေ. ကာလပတ်လုံး မေ့ကို ချစ်သွားမှာပါ။
မေ ထာဝရ ပျော်ရွှင်နိုင်ပါစေလို့လည်း ကိုဆုတောင်းပေးနေမှာပါ။
အလင်းသစ်

1 Comments:
tha nar sa yar lay nor
kyan ke' tar
Post a Comment
Subscribe to Post Comments [Atom]
<< Home