မျှော်တလင့်လင့်(၄)
ဒီနှစ် ရွာကို ပြန်လာရတာစိတ်ထဲမှာ တခုခုလိုနေသလိုခံစားနေရတယ်။ကိုယ်တိုင်လည်း မဝေခွဲတတ်တော့။ဘာကို လိုချင်မှန်းလည်းမသိ။သင်္ကြန်မှာ ကိုက ရေမကားစားတတ်တော့ သိပ်မသိသာပါ။အိမ်ရောက်ရင်တော့ ဖေဖေနဲ့ က ညတိုင်းလိုလို စကားပြောဖြစ်တယ်။အဓိက ကတော့အိမ်ရဲ့စီးပွားရေးပေါ့။ခုတော့ ကိုလည်းအိမ်အတွက် စိတ်သိပ်မပူရတော့ပါ။ညီမလတ်ကလည်းသကြားစက်မှာ လုပ်နေ၊အိမ်မှာကလည်း မေမေက အိမ်ဆိုင်လေးဖွင့်ထားတော့ ဘာပဲပြောပြော အရင်ကထက်အများကြီး အဆင်ပြေလာတယ်။
နှစ်ဆန်း(၃)ရက်နေ့ဆို ကိုပြန်ရတော့မည်။(၂)ရက်နေ့မှာ ကို့ရဲ့ ငယ်သူငယ်ချင်းနှစ်ယောက် ရောက်လာတယ်။
နေထိန်က အရင်ရောက်လာတယ်။ ပီးတော့ ရောက်ရောက်ချင်း ကို့ကိုအပူကပ်တော့တယ်။
`ဟေ့ကောင်၊မင်းလည်းကြားထဲက ပြောပေးဦး´
`အာ..မင်းကလည်း အရင်းမရှိ အဖျားမရှိ၊ ဘယ်သူ့ကို ဘာပြောရမှာလဲ..´
`အော်...ဟဲဟဲ..ဟုတ်သားပဲ၊ ငါကဆန္ဒစောသွားလို့ပါကွာ´
`အင်း ဟုတ်ပါပြီ၊ဒါဆိုပြောပြ´
`ဒီလိုပါ၊ငါက အိသွယ်ကို propose လုပ်တာကွာ၊အဲဒါသူက လက်မခံဘူးဖြစ်နေတယ်´
`အမ်..ဒါကငါနဲ့ဆိုင်လို့လား´
`ဆိုင်တာပေါ့..၊ငါတို့က သူငယ်ချင်းတွေ ဆိုတော့ မင်းကူပြောပေးရင် ရမှာပါ´
`ငါက မင်းတို့နှစ်ယောက်ကို အဆင်ပြေနေတယ်တောင်ထင်နေတာ၊ကျောင်းတက်တာလည်း အတူတူ၊အလုပ်လုပ်နေတာကလည်း အတူတူဆိုတော့´
`အေး..ဟုတ်တယ်..မင်းထင်သလိုပဲ၊ လူတိုင်းကလည်းထင်ကြတာပဲ´
တော်ကြာနေတော့ အိသွယ်ရောက်လာတယ်။ သူက မေမေတို့ ညီမတွေနဲ့ စကားအရင်ပြောနေတယ်။မေမေကသူငယ်ချင်း(၃)ယောက် စကားပြောဦးဆိုမှ ရောက်လာတယ်။ရောက်ရောက်
ချင်းပဲ...
`ရဲသူ၊ နင့်ကို နေထိန်က စစ်ကူတောင်းထားတယ်မို့လား´
`အမ်..၊နင်ကဘယ်လိုလုပ်သိလဲ´
`အော်..၊သိတာပေါ့ဟ၊ အရင်က ငါ့နောက်မှ ရောက်ရောက်နေကျ အကောင်က ဒီနေ့မှ စောရောက်နေတော့
ဒီကိစ္စကလွဲပြီး ဘာရှိဦးမှာလဲ´
`အင်း..ငါလည်းနင်တို့ကြားမှာ ဘာပြောရမှန်းမသိတော့ဘူး။ ငါက နင်တို့နှစ်ယောက်ကို ဖြစ်နေပြီတောင် ထင်နေတာ´
`သေနာကောင်၊ကြည့်ဦးပြောတာကိုက´
`နင်ကလည်း မူနေသေးတယ်ဟာ၊ငါ့သူငယ်ချင်းလေး ဒီလောက်ရိုးတာကို။ပါးစပ်ထဲ လက်ထည့်ပေးရင်တောင် ကိုက်တတ်သာ မဟုတ်ဘူး´
`အမယ်၊ လာလာချည်သေး၊နင်တို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အကောင်းပဲမြင်နေကြတာ၊ဟိုတစ်ယောက်ကလည်း နင့်အကြောင်း ကောင်းတာတွေ ပြောရမယ်ဆို ရေမသောက်ပဲ ပြောတယ်´
`ဟားဟား...ဟိုတစ်ယောက်တဲ့၊ နာမ်စားတွေ ဘာတွေ သုံးလာပြီ။ နေထိန်ရေ မင်းရဲ့ဇာတာတွေ တက်လာပြီကွ..နောက်ဆို´
ကို့ရဲ့စကားတောင် မဆုံးလိုက်ပါ၊ သေနာကောင်တွေဆိုပြီး ထွက်သွားတယ်။အော်..ငယ်သူငယ်ချင်းတွေ ဆိုတော့လည်း တော်ရုံနဲ့ကတော့ စိတ်မဆိုးကြပါ။အိသွယ်ထွက်သွားတော့ နေထိန်.ကို လိုက်ချော့ခိုင်းပေမယ့် သကောင့်သားက စိတ်ဆိုးသွားမှာကို ကြောက်နေတယ်။နောက်ဆုံးတော့ ကို ကပဲ လိုက်ပြောပေးရတယ်။
`ရဲသူ..၊နင်က ငါနဲ့ နေထိန်နဲ့ကို တော်တော် သဘောတူနေတယ်ပေါ့ ဟုတ်လား´
`အင်းပေါ့ဟ..၊သူနဲ့မှ သဘောမတူရင် ကျန်တဲ့သူမတွေ့မိပါဘူး။နင်တို့နှစ်ယောက်က ကျောင်းလည်းအတူတူ တက်လာတာလေဟာ၊ ပြီးတော့ နင်တို့မိဘတွေကလည်း ချမ်းသာတာချင်း အတူတူဆိုတော့...´
`တော်ပါတော့ဟာ....ငါသူ့ကိုသူငယ်ချင်းတစ်ယောက်လို ခင်ပါတယ်၊ချစ်လည်း ချစ်ပါတယ်...ဒါပေမယ့်´ `အင်းပါ၊ ဒါပေမယ့်ရဲ့ နောက်မှာ အဓိပ္ပါယ်တွေ အများကြီး ရှိတယ်ဆိုတာကို ငါနားလည်ပါတယ်၊နင်တို့တွေပဲ ဆုံးဖြတ်ကြပေါ့ဟာ..ငါတို့ရဲ့သူငယ်ချင်းတွေကြားမှာ ခင်မင်မှုတွေတော့ မပျက်စေချင်ဘူးဟာ..´
`အော်..ဒါနဲ့ ကိုရဲ၊နင့်ဆီမှာ ငါပေးထားတဲ့ Diary စာအုပ်လေးရှိသေးလား´
`အင်း..ရှိပါတယ်ဟ..၊နင်ပေးထားတဲ့ Diary စာအုပ်ကော၊နေထိန်ပေးထားတဲ့ ball pen ရယ်ကို ငါအမြတ်တနိုး သိမ်းထားပါတယ်´
`နင်ရော မန္တလေးမှာ ရည်းစားရနေပြီလား´
`ပေါက်ပေါက်ရှာရှာဟာ...ဘယ်လိုလုပ်ရည်းစား သွားထားမှာလဲ၊ပြီးတော့ ငါလို ငမွဲကို ဘယ်သူက ကြိုက်မှာလဲဟ။လောကကြီးမှာ give and take ဆိုပြီးရှိတယ်´
`နင်ကလဲဟာ´
ညနေစာကို ကိုတို့အိမ်မှာ စားပြီးတော့ နေထိန်နဲ့နှစ်ယောက် အိသွယ်ကိုလိုက်ပို့တယ်။ပြီးတော့ နေထိန်ကိုပါ သူတို့ရွာနားလေးထိ လိုက်ပို့ဖြစ်သည်။ဒါကလည်း ကို့အိမ်ကို သူတို့လာလည်တိုင်းလိုက်ပို့နေကြလေ။
ညရောက်တော့ မေမေနဲ့စကားအကြာကြီးပြောဖြစ်တယ်။ကို တမျိုးဖြစ်နေတာကို မေမေသိနေတယ်။မနက်ဖြန်ပြန်တော့မှာဆိုတော့ မေမေက မေးတော့သည်။
`သားငယ်မှာ ရည်းစားတွေဘာတွေ ရှိနေပြီလား၊သားငယ်ကို ကြည့်ရတာ အရင်နှစ်တွေကနဲ့ကို မတူဘူး´
`သားငယ် ဘာမှမဖြစ်ပါဘူး မေမေ စိတ်ထင်လို့ နေမှာပါ´
`မဟုတ်သေးပါဘူး၊သားကို မေမေတို့က ဆူမလို့မဟုတ်ပါဘူး။သားငယ်လည်း (၂၄)နှစ်တောင်ပြည့်ပြီးသွားပြီပဲ။သားငယ်ရဲ့ လက်တွဲဖော်ကို ရှာသင့်နေပြီပဲ´
` သားငယ်မှာ တကယ်မရှိသေးလို့ပါမေမေ။သားငယ် ရဲ့ ဘ၀ကြင်ဖော်က သားရဲ့ဘ၀ကိုတင် မကပဲ သားငယ်ရဲ့ မိသားစုကိုပါ နားလည်ပေးနိုင်တဲ့သူ ဖြစ်ရမှာပေါ့´
`သာဓုပါကွယ် လိမ္မာတဲ့ မေမေ့သားလေး လိုအင်တွေပြည့်စုံနိုင်ပါစေ´
`ပေးတဲ့ဆုနဲ့ ပြည့်စုံနိုင်ပါစေ မေမေ´
အဲဒီနေ့က အိပ်ယာဝင်တော့ တော်တော်နဲ့အိပ်မပျော်ပါ။ရည်းစားဆိုတာကို စဉ်းစားမိတော့ သင်္ကြန်အကြိုနေ့က နှင်းသဇင်ရဲ့ ပုံရိပ်တွေကို ပြန်လည်မြင်ယောင်လာမိတယ်။ကြည်နူးစရာဆိုတာ....
မဖြစ်နိုင်ပါ၊လုံးဝမဖြစ်နိုင်ပါ။ကျေးတောသားနဲ့ မြို.ကြီးသူ။အလုပ်သမားနဲ့အလုပ်ရှင်။ဆင်းရဲသားနဲ့လူချမ်းသာ။
မိုးနဲ့မြေကြီးပမာ အလှမ်းကွာဝေးလွန်းပါသည်။
အော်...အာသာဝတီနွယ်နီနတ်ပန်းဆိုတာ သာမာန်လူသားတွေ ရဖူးတယ်လို့ ရာဇ၀င်ရှိခဲ့လို့လားကွယ်။

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home