Sunday, March 4, 2007

ခြားနားချက်

ကောင်မလေးရေ...
ကောင်းကင်မှာ ပျံနေတဲ့ငှက်ငယ်ရဲ့
ခြေရာကို မတွေ့နိုင်ပေမယ့်
ခဏတာနားခိုသွားတဲ့
ငါ့ရင်အစုံမှာတော့
မင်းရဲ့ ခြေရာတွေ ကျန်နေခဲ့တယ်လေ။
ကောင်မလေးရေ..
မင်းကတော့ ပြောခဲ့မှာပေါ့..
ဖွဖွလေး နင်းလျှောက်ခဲ့တာပါလို့
ဒါပေမယ့် ကို့ရင်အစုံက
ဆွဲအားနည်းတဲ့ လမျက်နှာပြင်မှ
မဟုတ်ခဲ့ပဲကွယ်..........။

အလင်းသစ်(၀၄.၀၃.၀၇)

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home