Saturday, March 3, 2007

ကျိမ်စာသင့်နှလုံးသား


နှလုံးသားသစ္စာရင်မှာပြုလို့
အရှုံးသမား အကျွန့်ဘ၀မှာ
အချစ်ဆိုတာကို
ထပ်မတွေ့ပါရစေသားမေ...။
နှောင်ဖွှဲ့မှုမပါတဲ့ မေတ္တာတရား
မြတ်နိုးခြင်းအနန္တနဲ့ ချစ်ခဲ့သော်လည်း
ဥပက္ခောတရား လက်ကိုင်ထားသလား
သခင်နေစိမ့်နိုင်ပါသည်။
တစ်သက်မှာ တစ်ခါသာပွင့်ခဲ့တဲ့
အကျွန့်နှလုံးသား ပန်းငယ်ဟာ
သခင့်မေတ္တာရေ မရခဲ့လို့ ညှိုးနွမ်းခဲ့ရပြီသခင်။
နှလုံးသားရဲ့ အရှုံးတရားကို အယူခံမ၀င်ဝံ့သူပါမေ။
သုံးမရတဲ့ အရှုံးသမားဘ၀မှာ
ယောကျာ်းတန်မဲ့ မျက်ရည်ကျခဲ့ရပြီလေ။
ဖြစ်နိုင်ရင် သုံးလောကထွဋ်ထား မြတ်ဘုရားထံမှာ
အကျွန်ဆုတောင်းချင်တာက
ဘ၀အဆက်ဆက် ၀ဋ်ကြွေးရှိခဲ့ရင်လည်း
ဒီဘ၀ ဒီမျှနဲ့သာ ကျေပါစေတော့လို့။

အလင်းသစ်(၀၄.၀၃.၀၇)

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home