ကြိုနှင့်နေရစ် (၂၀၀၈)
သင်္ကြန်လေအေး သိမ့်သိမ့်သွေးသော်
မြေသင်းရနံ့ သင်းပျံ့ပျံ့လည်း
ယှဉ်တွဲဖော်စုံ ပါလာမြဲတည်း။
အနောက်တောင်လေ သယ်ယူပေးခဲ့
ဝသန်မိုးညှင်း သင်းသင်းလေးက
ပိတောက်သစ္စာမပျက်ရအောင်
သင်္ကြန်မိုးကိုရွာခဲ့ပြီ။
အတာမိုးအေး ဖျန်းပက်ပြေးသော်
လောကတခွင် စိမ်းလန်းလွင်ကာ
မြင်သူစိတ်နှလုံး ရွှင်ပြုံးစေခဲ့။
ဥသြငယ်သာ နွေလယ်ခါမှာ
သူရိန်ရှိန်ဝါ အံတုပြိုင်ကာ
ရေသဘင်ပွဲ ဆင်နွှဲခဲ့ပြီ။
မြန်မာမှာမွေး မြန်မာ့သွေးမို့
တစ်နှစ်တစ်ခါ သင်္ကြန်တာကို
အများနည်းတူ ရင်ခုန်မြူးသည်။
ခုနေချိန်ခါ ဝေးရပ်မြေမှာ ရောက်နေပါလည်း
အတာနားနီး သင်္ကြန်နီးသော်
စိတ်မှာလှုပ်ရှား အသိတရားက
မွေးရပ်မြေဆီ ရောက်နှင့်ပြီ။
သြော်...နောင်နှစ်သင်္ကြန် ကိုယ်တိုင်ကြုံဖို့
ဒီတစ်နှစ်တော့ စောင့်လိုက်ဦးမည်...
ကြိုနှင့်နေရစ် (၂၀၀၈)။
အလင်းသစ်(၁၄.၀၃.၀၇)
မြေသင်းရနံ့ သင်းပျံ့ပျံ့လည်း
ယှဉ်တွဲဖော်စုံ ပါလာမြဲတည်း။
အနောက်တောင်လေ သယ်ယူပေးခဲ့
ဝသန်မိုးညှင်း သင်းသင်းလေးက
ပိတောက်သစ္စာမပျက်ရအောင်
သင်္ကြန်မိုးကိုရွာခဲ့ပြီ။
အတာမိုးအေး ဖျန်းပက်ပြေးသော်
လောကတခွင် စိမ်းလန်းလွင်ကာ
မြင်သူစိတ်နှလုံး ရွှင်ပြုံးစေခဲ့။
ဥသြငယ်သာ နွေလယ်ခါမှာ
သူရိန်ရှိန်ဝါ အံတုပြိုင်ကာ
ရေသဘင်ပွဲ ဆင်နွှဲခဲ့ပြီ။
မြန်မာမှာမွေး မြန်မာ့သွေးမို့
တစ်နှစ်တစ်ခါ သင်္ကြန်တာကို
အများနည်းတူ ရင်ခုန်မြူးသည်။
ခုနေချိန်ခါ ဝေးရပ်မြေမှာ ရောက်နေပါလည်း
အတာနားနီး သင်္ကြန်နီးသော်
စိတ်မှာလှုပ်ရှား အသိတရားက
မွေးရပ်မြေဆီ ရောက်နှင့်ပြီ။
သြော်...နောင်နှစ်သင်္ကြန် ကိုယ်တိုင်ကြုံဖို့
ဒီတစ်နှစ်တော့ စောင့်လိုက်ဦးမည်...
ကြိုနှင့်နေရစ် (၂၀၀၈)။
အလင်းသစ်(၁၄.၀၃.၀၇)

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home