Sunday, March 4, 2007

မုန်းမေ့ပါနိုင်

ရွာဦးစေတီမှာလ၊နှစ်ဖြာတူလက်စုံမိုးပါလို့
ဆုတောင်းရခါခါ။
ဒီဘ၀တွင်သာမက၊နောင်ဘ၀ဆက်တိုင်းသာဖြင့်
တူနှစ်ကိုယ်ဆုံစေကြောင်းရယ်နဲ့
ခင်နှင့်မောင် ဘယ်ခါခွဲပါဟု..
ဝသုန်မြေသက်သေပြုပါလို့
ထားခဲ့သစ္စာ.။
ခင်နဲ့မောင် ဒီကမ္ဘာဝေးရင်ဖြင့်
မေ့သည်းအိမ် ကြွေကာပြုန်းပါလိမ့်
ခင့်ကိုလေ ဘယ်ခါထားခဲ့ပါနဲ့
မောင်သွားရာ ဖ၀ါးထပ်တူမျှ
ကမ္ဘာကုန်ရေမြေဆုံးစေတော့ လိုက်ခဲ့မည်ကြံ..။
တတ်လည်းလေ တတ်နိုင်ပါဘိ
ပလီပလာ တီတာစကားတွေနဲ့
မောင့်နားဝယ် သကာစီးသည့်နှယ် ချိုမြိန်ခဲ့ပြန်။
တစ်ရပ်တကျေးနဲ့ ရပ်ဝေးကိုမောင်လေသွားမှာမို့
မျက်နှာတော် ညိုညိုညှိုးရယ်နဲ့
ကြင်ရာသူဝေးရာ ရပ်မှာလ ဂုဏ်သုံးတန် ဘယ်ခါမေ့ပါနဲ့
ရာရာမှာ သေချာဂရုစိုက်ပါဟု
မာတာငယ် ပုံစံလေးရယ်နဲ့ တီးတိုးမှာပြန်
ရပ်ဝေးရောက်ရင်ဖြင့် ခင့်ကိုလေ ဘယ်ခါမေ့ပါနဲ့
မောင်ပြန်လမ်းကိုဖြင့် ခင့်မှာလေ လက်ရေချိုးပါလို့
စောင့်နေမှာ ဧကန်မလွဲပါဟု
ပုလဲတွေ ပါးပြင်ခပါလို့ ခွန်းဆိုဖွဲ့ပြန်
ရာသီတွေ လီလီပြောင်းပေမယ့်
မောင့်အသည်းမှာ ခင့်ပုံရိပ်တွေက
စဉ်သာလေ ထင်ဟပ်နေတာမို့
တရပ်နေငယ်ချစ်ဦးဆီကိုလ
စာလွှာမှာ သည်မောင်ပါးလိုက်ချင်တာက
ကာလံဒေသံ ဘယ်သို့ပြောင်းသော်လည်း
မောင့်ရင်မှာ ခင်တစ်ယောက်သာပ
ခင်ချစ်သလို မောင်ပိုချစ်တာမို့
ဘ၀တွေ လီလီပြောင်းသည့်တိုင်
မုန်းမေ့ပါနိုင်...။

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home