ဇာတိချက်ကြွေ မွေးရပ်မြေ
ငလိုက်နဲ့ဆင်သေ
ချောင်းနှစ်သွယ် ပေါင်းဆုံလာတဲ့
သာယာမြေ ဒီနေရာလေးမှာ
တည်ထားတဲ့ ရွာအမည်လေး
ညောင်ပင်သာလို့ပေး။
အတိတ်သဘောင်ကို နိမိတ်ဆောင်လို့
၁၈၉၄ မှာလ ရွာသူကြီးဦးတင်ရယ်က
နောက်တော်ပါ (၁၀)အိမ်စုနဲ့
စတင်ကာ တည်ခဲ့ပေမယ့်
ခုနေခါ အိမ်ခြေ(၃၀၀)ကျော်မို့
ဖွံ့ဖြိုးလို့စည်ပင်။
ရွာတောင်ပြင်မှာက လယ်ကွင်းတွေစိုစိမ်းစိမ်းရယ်က
မြင်သူကို ဘ၀င်အေးစေတဲ့ပြင်
ရွာ့ဝမ်းစာ သူဖြည့်ဆည်းပေးတယ်။
အရှေ့ကို မျှော်လိုက်ပြန်တော့
မှိုင်းပြာပြာ ရှမ်းတောင်တန်းရယ်က
ဆီးလို့ကြိုပြန်။
ရွာမြောက်ဘေးမှာက ချောင်းနှစ်သွယ် ရစ်ခွေစီးပြန်
ရွာအနောက်ပိုင်းမှာလ ယာခင်းတွေတမျှော်တခေါ်နဲ့
ဆက်သွားရင် အမောင်တွေ.မှာက
ပျဉ်းမနားရွှေပြည်။
ရွာသူရွာသားတွေက မနောဖြူသဘောကောင်းတဲ့ပြင်
ပွဲတော်ဆို အင်မတန်ကြိုက်တာမို့
တစ်နှစ်မှာ(၁၂)ရာသီပွဲကို နည်းတယ်ထင်ပြန်။
အကျွန့်စိတ်မှာတော့
ဒီရွာသူ ညိုဖြူချောတွေက
ရင်ချီကာ ကိုယ်သွယ်လို့
ကျော့လှဟန်ညီ။
သို့ပေမယ့်လို့...........
မြို့ကြီးသူ ပျိုမေတွေလောက်
ဝတ်စားပုံ အဆင်ရယ်မပြေတာမို့
တိုက်ဂေါကွယ် တောဂိုက်ရယ်ပါလို့
မိတ်ဆွေတွေ ဆိုကြပြန်လည်း
ရှမ်းကြိုက်ရင် နွားတောင်ချောတာမို့။
ပြောစရာ တစ်ခုကျန်တာပ
ပြောပြန်ရင် အောင်မင်းလွန်မှာဆိုး
မပြောပြန်ရင်လည်း အောင်မင်းနုံမှာမို့
ပြောတော့မယ်ကြံ။
ပန်းတောင်ကိုင် ဒီရွာသူပန်းနုကိုဖြင့်
အမောင်မြင်ရင် ဒီရွာက ဘယ်ခွာချင်ပါ့မယ်
မြို့ကြီးသူ ဘယ်မှာယှဉ်သာလိမ့်
ကိုးဆယ်ဆသာ။
အို့..အမောင်
အကြောင်းရယ်ဖန်လာလို့
ဒီနယ်တခွင် ကျင်လည်ရောက်ခဲ့ရင်
ညောင်ပင်သာ ရွာငယ်လေးကိုလ
လှမ်းလာခဲ့ ဖိတ်ခေါ်ချင်။
ရွာထိပ်ရောက်ရင်ဖြင့်
အဘုရှည် ဗိုလ်ရှုရေလို့
သံကုန်လေ ဟစ်အော်လိုက်ရင်ဖြင့်
အချိန်မဆိုင်းပါဘု ကြုံသလိုအ၀တ်အစားရယ်နဲ့
အမောင့်ဆီ အကျွန်လှမ်းခဲ့မည်
မြန်းခဲ့ဒီနန်း။
အလင်းသစ်(၂၂.၀၃.၀၇)

2 Comments:
nice poem pal brother yayyy
ako yay lan kyone yin ,,Pyinamna about lay par write par ohn,,
Post a Comment
Subscribe to Post Comments [Atom]
<< Home