မေ့မထားပါနဲ့
မေ့မထားပါနဲ့
ငါ့ကိုသတိရလိုက်ပါ။
မင်းတစ်ယောက်တည်း မဟုတ်ပါဘူး
အမြဲတမ်းတို့တွေအတူတူပါ။
မေ့မထားပါနဲ့
ငါ့ဘ၀ရဲ့အလင်းတန်းငယ်လေးရယ်
ငါတို့တွေ အတူရှိခဲ့တဲ့နေရာတိုင်းမှာ
အငွေ့အသက်တွေလေးတွေတော့ ကျန်နေဆဲပါလေ။
မေ့မထားပါနဲ့
ငါ့ရဲ့ဝိညာဉ်လေးရယ်
ငါရဲ့စိတ်ကို တောင်ပံတစုံတပ်လို့
မင်းဆီကို ပျံခဲ့မှာပါ။
ဟိုးအမြင့်ကောင်းကင်ယံမှာ
ကြယ်လေးတွေက တောက်ပစွာလင်းလက်ပြီး
တိတ်ဆိတ်စွာ တေးဆိုနေကြတယ်။
ငါလည်းမေ့မထားပါဘူး
ငါတို့တွေအတူရှိခဲ့တဲ့ နေရာတိုင်းမှာ
ငါတစ်ယောက်တည်းလည်း မဟုတ်ခဲ့ဘူး ဆိုတာကိုပေါ့။
ဒါကြောင့်.........
မေ့မထားပါနဲ့...
ပြီးတော့.......
မေ့မသွားပါနဲ့။
၂၁.၆.၀၇
ရှိန်း

2 Comments:
It can be wake up my heart.Thanks for your sharing.
This comment has been removed by a blog administrator.
Post a Comment
Subscribe to Post Comments [Atom]
<< Home